အမေရိကန်နိုင်ငံ လပ်ဗေးဂတ်စ်မြို့၌ ဇူလိုင်လ ၉ ရက်တွင် ကျင်းပမည့် ၁၇ ကြိမ်မြောက် World MMA Awards ဆုပေးပွဲ၌ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်သည် ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။ ၎င်းသည် UFC-317 ပြိုင်ပွဲတွင် ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရခဲ့သည့်ပွဲဖြင့် "တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု (Fight Of The Year)" နှင့် အခြားကမ္ဘာ့ဖိုက်တာများနှင့်အတူ "အတိုးတက်ဆုံးဖိုက်တာဆု (Breakthrough Fighter Of The Year)" တို့တွင် ရွေးချယ်ခံထားရခြင်းဖြစ်သည်။Fighters Only Magazine က ဦးဆောင်ကျင်းပသည့် ယခုဆုပေးပွဲသည် ကမ္ဘာ့ MMA လောကတွင် ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်ကလည်း မြန်မာဖိုက်တာ အောင်လအန်ဆန် နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု ရရှိခဲ့ဖူးကြောင်း သိရသည်။



