back

မကွေး၌ ဝယ်လိုအားကောင်းပြီး ဆိတ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာ

Jul 09 • 2:57 AM

breaking-news

Myanmar

Magway

cover

မကွေး၌ ဝယ်လိုအားကောင်းပြီး ဆိတ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ယခုနှစ်အတွင်း ဆိတ်မွေးမြူရေးလုပ်ငန်း၌ ဆိတ်များ အနာရောဂါဖြစ်ပွားမှုနည်းပါးပြီး ဝယ်လိုအားနှင့် ဈေးကွက်ပြန်လည်ကောင်းမွန်လာသော...

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ယခုနှစ်အတွင်း ဆိတ်မွေးမြူရေးလုပ်ငန်း၌ ဆိတ်များ အနာရောဂါဖြစ်ပွားမှုနည်းပါးပြီး ဝယ်လိုအားနှင့် ဈေးကွက်ပြန်လည်ကောင်းမွန်လာသောကြောင့် မွေးမြူသူများ ဈေးကောင်းရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များက ဈေးကွက်အတွင်း ဆိတ်ဝယ်ယူသူ မရှိသလောက်နီးပါး ဖြစ်ခဲ့ပြီး ဈေးနှုန်းများလည်း ကျဆင်းခဲ့ဖူးသည်။ယခင်နှစ်များက ဆိတ်ထီးပျိုတစ်ကောင်လျှင် ကျပ် ၆ သောင်းဝန်းကျင်နှင့် ဆိတ်မကြီးတစ်ကောင်လျှင် ကျပ် ၁ သိန်း ၂ သောင်းဝန်းကျင်သာ ရှိခဲ့ရာမှ၊ ယခုနှစ်တွင် ဆိတ်ထီးပျိုတစ်ကောင်လျှင် ကျပ် ၃ သိန်းဝန်းကျင်နှင့် ဆိတ်မကြီးတစ်ကောင်လျှင် ကျပ် ၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းများ သိသာစွာ မြင့်တက်လာကြောင်း မကွေးမြို့နယ် အင်းကုန်းကျေးရွာမှ ဆိတ်မွေးမြူရေးလုပ်ကိုင်သူ ဦးလှဌေးက ပြောကြားသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသခံ တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းအပြင် နွားနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင် တွဲဖက်လုပ်ကိုင်ကြကြောင်း သိရသည်။

news-view-count-icon

22