back

ရန်ကုန်၊တာမွေမြို့နယ်၌ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းမည်ဖြစ်၍ ယနေ့ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်

Jul 09 • 2:56 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၊တာမွေမြို့နယ်၌ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းမည်ဖြစ်၍ ယနေ့ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ 66\text{ kV} ပုသိမ်ညွန့်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် 33\text{ kV} ပုသိမ်ညွန့်-နတ်ချောင်းဖီဒါ ဓာတ်အား...

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ 66\text{ kV} ပုသိမ်ညွန့်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် 33\text{ kV} ပုသိမ်ညွန့်-နတ်ချောင်းဖီဒါ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ၉ ရက် (ယနေ့) နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း တာမွေမြို့နယ်အတွင်းရှိ နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာနှင့် ချမ်းသာဂုဏ်ရောင်အိမ်ရာတို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်သည်။ YESC အနေဖြင့် လုပ်ငန်းလုပ်ဆောင်ချိန်အတွင်း ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မည့် ဧရိယာများ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17