back

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍ နှစ်ရက်ဆက်တိုက် အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်

Jul 09 • 2:19 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍ နှစ်ရက်ဆက်တိုက် အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက်တို့တွ...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လုပ်ဆောင်သွားမည်ဖြစ် ကြောင်းသိရသည်။အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ၁၁ ကေဗွီ အကွက်ကြီး ၄/၅ ဖီဒါအား ဓာတ်အားပိတ်ထားမည်ဖြစ်ရာ သုခသိဒ္ဓိရပ်ကွက်နှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ထမ်းအိမ်ရာများ၊ အ.ထ.က (၁၁) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်သည်။ ထို့ပြင် ဇူလိုင်လ ၇ ရက်နေ့ကလည်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လူမနေသည့် အိမ်ပိတ်များနှင့် ခြံကွက်လပ်များရှိ မီတာများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

news-view-count-icon

10