back

ရန်ကုန်-လွိုင်ကော် အသွားအပြန် လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းပြေးဆွဲမည်ဖြစ်

Jul 09 • 1:45 AM

breaking-news

Myanmar

Kayah

cover

ရန်ကုန်-လွိုင်ကော် အသွားအပြန် လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းပြေးဆွဲမည်ဖြစ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ အသွားအပြန် လေကြောင်းခရီးစဉ်ကို ပြန်လည်ပျံသန်းပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး...

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ အသွားအပြန် လေကြောင်းခရီးစဉ်ကို ပြန်လည်ပျံသန်းပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။ ရန်ကုန်-လွိုင်ကော် လေယာဉ်လက်မှတ်ခနှုန်းထားမှာ ကျပ် ၃ သိန်း ၂ သောင်းဝန်းကျင် ရှိမည်ဖြစ်‌ကြောင်းသိရသည်။အဆိုပါ လွိုင်ကော်ခရီးစဉ်ကို ယခင်က မြန်မာအမျိုးသားလေကြောင်းလိုင်း အပါအဝင် လေကြောင်းလိုင်း ၂ လိုင်းက ပျံသန်းခဲ့သော်လည်း လွိုင်ကော်လေယာဉ်ကွင်း ထိခိုက်ပျက်စီးခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်တွင် ပျံသန်းမှု ယာယီရပ်နားခဲ့ရသည်။ လက်ရှိတွင် လေယာဉ်ကွင်းပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက အပြီးသတ်ဆောင်ရွက်ထားပြီးဖြစ်၍ လေယာဉ်များ ပြန်လည်ဆင်းသက်နိုင်သည့် အခြေအနေရှိပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

20