၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ရရှိထားသည့် အဆင့် (Grade) များအလိုက် သက်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်များကို စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။စက်မှုအတတ်ပညာ (Engineering) ကဏ္ဍတွင် A+ အဆင့်ရရှိသူများသည် Naypyitaw State Polytechnic University၊ YTU နှင့် MTU ထိပ်တန်းနည်းပညာတက္ကသိုလ်ကြီးများသို့လည်းကောင်း၊ A အဆင့်ရရှိသူများသည် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ နည်းပညာတက္ကသိုလ် (TU) များသို့လည်းကောင်း၊ B အဆင့်ရရှိသူများသည် GTC နှင့် GTI ကျောင်းများသို့လည်းကောင်း လျှောက်ထားနိုင်သည်။စိုက်ပျိုးရေးအတတ်ပညာ (Agriculture) ကဏ္ဍတွင် A အဆင့်ရရှိသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မအူပင်(စိုက်/မွေး)တက္ကသိုလ်တို့သို့ ဘွဲ့သင်တန်းအတွက် လျှောက်ထားနိုင်ပြီး၊ B အဆင့်ရရှိသူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများနှင့် GTI (စက်မှုလယ်ယာနည်းပညာဒီပလိုမာ) သို့ လျှောက်ထားနိုင်သည်။ မွေးမြူရေးအတတ်ပညာ (Livestock) ကဏ္ဍတွင်မူ A အဆင့်ရရှိသူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း) နှင့် မအူပင်(စိုက်/မွေး)တက္ကသိုလ်တို့သို့ လျှောက်ထားနိုင်ကာ၊ B အဆင့်ရရှိသူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (မွေးမြူရေးဒီပလိုမာ) နှင့် ငါးလုပ်ငန်းသိပ္ပံကျောင်းများသို့ လျှောက်ထားခွင့်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အဆင့်အလိုက် တက္ကသိုလ်၊ ကောလိပ်များ စတင်လျှောက်ထားနိုင်ပြီဖြစ်
Jul 09 • 1:46 AM
Myanmar
Local
Share
| 36 | 0 | 0 | 0 |


