back

တရုတ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းများနှင့် ရေကြီးရေလျှံမှုအန္တရာယ်များအတွက် အရေးပေါ်အစီအမံများ ဖြန့်ကြက်ဆောင်ရွက်နေ

Jul 09 • 1:44 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းများနှင့် ရေကြီးရေလျှံမှုအန္တရာယ်များအတွက် အရေးပေါ်အစီအမံများ ဖြန့်ကြက်ဆောင်ရွက်နေ

တရုတ်နိုင်ငံတစ်ဝန်းရှိ မြစ်ဝှမ်းဒေသများစွာတွင် ယခုနှစ်၏ ၁၀ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော Maysak နှင့် မုန်တိုင်း Bavi တို့ကြောင့် မိုးသည်းထန်စွာရွာသွန်...

တရုတ်နိုင်ငံတစ်ဝန်းရှိ မြစ်ဝှမ်းဒေသများစွာတွင် ယခုနှစ်၏ ၁၀ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော Maysak နှင့် မုန်တိုင်း Bavi တို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုအန္တရာယ်များ ဖြစ်ပွားလာနိုင်သဖြင့် ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအစီအမံများကို ဖြန့်ကြက်ဆောင်ရွက်လျက်ရှိကြောင်း ရေအရင်းအမြစ်များဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းနှစ်လုံး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် သက်ရောက်မှုအလားအလာများကို ဆန်းစစ်အကဲဖြတ်ရန်၊ ရေဘေးကာကွယ်ရေးနှင့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း Maysak ကြောင့် လတ်တလောတွင် ပြင်းထန်သော မိုးသက်မုန်တိုင်းများကျရောက်ခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း ပုလဲမြစ်ဝှမ်းဒေသရှိ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နေရာအနှံ့အပြား၌ ပြင်းထန်သည့် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည်။ လက်ရှိတွင် ကွမ်ရှီးဒေသအတွင်းရှိ ချင်ကျိုးမြို့နှင့် နန်နင်းမြို့ ပင်းရန်ခရိုင်တို့၌ ရေဘေးသင့်ပိတ်မိနေသည့် ဒေသခံပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလှေများဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် လမ်းကြောင်းရှင်းလင်းခြင်းလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

9