back

တရုတ်နိုင်ငံ၌ မေဆက်မုန်တိုင်းကြောင့် ဆည်ကျိုးပြီး ရေကြီးစဉ် မြွေဟောက်အပါအဝင် မြွေ ၉၀၀ ခန့် လွတ်မြောက်နေ

Jul 09 • 1:42 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၌ မေဆက်မုန်တိုင်းကြောင့် ဆည်ကျိုးပြီး ရေကြီးစဉ် မြွေဟောက်အပါအဝင် မြွေ ၉၀၀ ခန့် လွတ်မြောက်နေ

မေဆက် (Maysak) တိုင်ဖွန်းမုန်တိုင်းကြောင့် ဆည်ကျိုးပေါက်ကာ ရေကြီးနစ်မြုပ်နေသည့် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးဒေသ ဟန်ကျိုးမြို့၌ မြွေမွေးမြူရေးခြံအချို့ ပျက်...

မေဆက် (Maysak) တိုင်ဖွန်းမုန်တိုင်းကြောင့် ဆည်ကျိုးပေါက်ကာ ရေကြီးနစ်မြုပ်နေသည့် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးဒေသ ဟန်ကျိုးမြို့၌ မြွေမွေးမြူရေးခြံအချို့ ပျက်စီးပြီး မြွေဟောက်များအပါအဝင် မြွေအကောင် ၉၀၀ ခန့် လွတ်မြောက်နေကြောင်း The Global Times သတင်းတွင် ဖော်ပြထားသည်။ ဇူလိုင် ၃ ရက်မှစတင်ကာ မုန်တိုင်းတိုက်ခတ်မှုနှင့် ရေကြီးမှုများ ကြုံတွေ့နေရသည့် အဆိုပါဒေသတွင် ဇူလိုင် ၆ ရက်၌ လျူလန်းနှင့် ယွန်ဗျောင်း ဆည်နှစ်ခု ကျိုးပေါက်ခဲ့ရာမှ မြေနိမ့်ပိုင်းရှိ မြွေခြံများ ရေတိုက်စားခံရကာ မြွေများ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။လတ်တလောတွင် မြွေအများစုမှာ ရေစီးနှင့်မျောပါသွားသော်လည်း ရေဝပ်သည့်နေရာများနှင့် အပျက်အစီးများကြားတွင် ရှိနေဆဲဖြစ်ပြီး၊ မြွေကိုက်ခံရသည့် ဒေသခံအချို့လည်း ဆေးဝါးကုသမှု ခံယူနေရသည်။ အာဏာပိုင်များက မြွေများဖမ်းဆီးရန် ကယ်ဆယ်ရေးအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များ စေလွှတ်ထားပြီး၊ ဒေသခံများအနေဖြင့် ကျွမ်းကျင်မှုမရှိဘဲ ကိုယ်တိုင်ဖမ်းဆီးခြင်းမပြုရန် သတိပေးထားသည်။ လက်ရှိ ကွမ်ရှီးဒေသ ရေကြီးမှုအတွင်း လူ ၄ ဦးထက်မနည်း သေဆုံးကာ ပျောက်ဆုံးသူများရှိနေသဖြင့် တရုတ်အာဏာပိုင်များက ရေကြီးရေလျှံမှုထိန်းချုပ်ရေး အရေးပေါ်အခြေအနေကို ဒုတိယအမြင့်ဆုံး (အဆင့်-၂) ထိ တိုးမြှင့်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

22