back

၂၀၂၆ ဒုတိယသုံးလပတ်တွင် အမြတ်ငွေ ၁၈၀၀ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟု ဆမ်ဆောင်း ကြေညာ

Jul 08 • 1:40 PM

breaking-news

South Korea

Local News

cover

၂၀၂၆ ဒုတိယသုံးလပတ်တွင် အမြတ်ငွေ ၁၈၀၀ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟု ဆမ်ဆောင်း ကြေညာ

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဆမ်ဆောင်း (Samsung) က AI အသုံးပြု မန်မိုရီချစ်ပ်ပြားများအပေါ် မကြုံစဖူး ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ၂၀၂၆ ...

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဆမ်ဆောင်း (Samsung) က AI အသုံးပြု မန်မိုရီချစ်ပ်ပြားများအပေါ် မကြုံစဖူး ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လအထိ) အတွင်း လုပ်ငန်းလည်ပတ်မှုအမြတ်ငွေသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၁၈၀၀ ရာခိုင်နှုန်း (၁၉ ဆနီးပါး) အထိ ခုန်တက်ကာ ဝမ် ၈၉ ဒသမ ၄ ထရီလီယံအထိ ရရှိနိုင်ကြောင်း ဇူလိုင် ၇ ရက်တွင် ကြိုတင်ကြေညာခဲ့သည်။ ယင်းကာလအတွင်း ကုမ္ပဏီ၏ရောင်းအားမှာလည်း ဝမ် ၁၇၁ ထရီလီယံအထိ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် နှစ်ဆကျော် မြင့်တက်ကာ သုံးလပတ်အမြတ်ငွေ စံချိန်သစ်ကို သုံးကြိမ်ဆက် တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထုတ်လုပ်မှုကန့်သတ်ချက်ရှိသော်လည်း AI ခေတ်ရေစီးကြောင်းကြောင့် ဝယ်လိုအားနှင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ကြပြီး၊ ဆမ်ဆောင်း၏ အမြတ်ငွေထုတ်ပြန်ချက်မှာ စံချိန်တင် ကောင်းမွန်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ပိုမိုမြင့်မားသော မျှော်လင့်ချက်များကြောင့် ဇူလိုင် ၇ ရက်တွင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းမှာ ၇ ရာခိုင်နှုန်းနီးပါး ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

news-view-count-icon

9