back

ဗီယက်နမ် - မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ထုတ်ပြန်

Jul 08 • 1:32 PM

breaking-news

Vietnam

Local News

cover

ဗီယက်နမ် - မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ထုတ်ပြန်

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) သည် လာမည့် ဇူလိုင်လ ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ထရန်ငုရင်ကွင်း၌ ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ်နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ဖီဖာ...

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) သည် လာမည့် ဇူလိုင်လ ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ထရန်ငုရင်ကွင်း၌ ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ်နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ဗီယက်နမ်ဒေါင် ၁၀၀၀၀၀၊ ၂၀၀၀၀၀ နှင့် ၃၀၀၀၀၀ ဟု သတ်မှတ်ကာ ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါခြေစမ်းပွဲမှာ နှစ်သင်းစလုံးအတွက် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ပြင်ဆင်ခြင်းဖြစ်ပြီး၊ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအပြီး ဇွန် ၁၈ ရက်ကတည်းက လေ့ကျင့်မှုများ ပြန်လည်စတင်နေခြင်းဖြစ်သည်။ နှစ်သင်းစလုံးသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ဗီယက်နမ်က ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ဖူးပြီး၊ လာမည့် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (B) ၌ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုတို့နှင့်အတူ ကျရောက်နေကြောင်း သိရသည်။

news-view-count-icon

6