ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေပြီး မိမိတို့၏ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် နည်းမျိုးစုံဖြင့် အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် မြန်မာအမျိုးသမီး (၂) ဦးအား ရီယာဒ်မြို့ရှိ မြန်မာသံရုံးက ဆော်ဒီအာရေဗျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) နှင့် အနီးကပ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကာ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာအမျိုးသမီးနှစ်ဦး မိမိတို့၏ မိသားစုများရှိရာသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် မြန်မာသံရုံး တာဝန်ရှိသူများက လိုအပ်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထားများနှင့် လေကြောင်းခရီးစဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးနောက်၊ ၎င်းတို့သည် ဇူလိုင်လ ၅ ရက်နေ့တွင် ရီယာဒ်-ဒူဘိုင်း-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်များဖြင့် စီးနင်းလိုက်ပါကာ မြန်မာနိုင်ငံသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ရောက်ရှိခဲ့ကြပြီ ဖြစ်ကြောင်း သိရသည်။
ဆော်ဒီတွင် အခက်အခဲကြုံနေရသည့် မြန်မာအမျိုးသမီးနှစ်ဦးအား ရီယာဒ်မြို့ မြန်မာသံရုံးက နေရပ်သို့ ပြန်လည်ပို့ဆောင်ပေး
Jul 08 • 11:02 AM
Myanmar
International
Share
| 13 | 0 | 0 | 0 |


