back

ပုသိမ်တွင် နေရောင်ခြည်နှင့် လေအားသုံးစနစ် နှစ်မျိုးစပ်၍ လျှပ်စစ်မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် စီမံကိန်းကြီး စတင်အကောင်အထည်ဖော်နေ

Jul 08 • 11:01 AM

breaking-news

Myanmar

Ayeyarwady

cover

ပုသိမ်တွင် နေရောင်ခြည်နှင့် လေအားသုံးစနစ် နှစ်မျိုးစပ်၍ လျှပ်စစ်မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် စီမံကိန်းကြီး စတင်အကောင်အထည်ဖော်နေ

ဧရာဝတီတိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် Green Energy ကဏ္ဍ တိုးမြှင့်ရန်အတွက် ပုသိမ်မြို့နယ်အတွင်း Galaxy Red Star ကုမ္ပဏီလီမိတက်က နေ...

ဧရာဝတီတိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် Green Energy ကဏ္ဍ တိုးမြှင့်ရန်အတွက် ပုသိမ်မြို့နယ်အတွင်း Galaxy Red Star ကုမ္ပဏီလီမိတက်က နေရောင်ခြည်နှင့် လေအားလျှပ်စစ်သုံး စနစ်နှစ်မျိုးစပ်၍ လျှပ်စစ်မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့်စီမံကိန်းကို စတင်ပြင်ဆင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ စီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဇူလိုင် ၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ကြိုဆိုပါကြောင်းနှင့် ယခုစီမံကိန်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို အထောက်အကူပြုမည့်အပြင် အခြေခံ MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးလာစေပြီး စက်သုံးဆီအသုံးပြုရမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့သည်။ နေပူချိန်တွင် နေရောင်ခြည်ဖြင့်လည်းကောင်း၊ မိုးရာသီနှင့် ညပိုင်းတွင် ပင်လယ်လေညင်းဖြင့်လည်းကောင်း ရာသီမရွေး လျှပ်စစ်ထုတ်လုပ်နိုင်မည့် ယခုပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း အမြန်ဆုံးအောင်မြင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

13