ကချင်ပြည်နယ်နှင့် ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဝှမ်းဒေသများတွင် မိုးဆက်လက်သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့တွင် ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်း တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ၇၈၄ စင်တီမီတာသို့ ရောက်ရှိလာပြီး ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေရှိကြောင်း မိုးလေဝသဦးစီးဌာနမှ သိရသည်။ မြစ်ရေသည် ယမန်နေ့ညပိုင်းမှစ၍ ၈ ပေခွဲနီးပါးအထိ သိသိသာသာ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် အနည်းငယ် ပြန်ကျနေသော်လည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် (၁၂၀၀ စင်တီမီတာ) သို့ ရောက်ရှိရန် ၁၃ ပေခွဲကျော် လိုအပ်နေသေးသဖြင့် စိုးရိမ်ဖွယ်မရှိသေးကြောင်း သိရသည်။ ဇူလိုင်လအတွင်း မြစ်ရေတက်မှုမှာ ယခုအကြိမ်နှင့်ဆိုပါက တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မြစ်ကမ်းနား မြေနိမ့်ပိုင်းနှင့် မြေနုကျွန်းများတွင် နေထိုင်သူများအနေဖြင့် မြစ်ရေအခြေအနေကို ဆက်လက်စောင့်ကြည့်ကြရန် အသိပေးထားကာ မြစ်ရေအခြေအနေကိုလည်း ၂၄ နာရီပတ်လုံး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နိုင်သော်လည်း မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေအမှတ်အောက်၌ ရှိနေဆဲဖြစ်ကြောင်း သိရ
Jul 08 • 11:00 AM
Myanmar
Ayeyarwady
Share
| 11 | 0 | 0 | 0 |


