မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၏ ပူးပေါင်းစီစဉ်မှုဖြင့် SEAISI 2026 Travelling Seminar ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးမျိုးသော်၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ဥက္ကဋ္ဌနှင့် UMFCCI ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြပြီး၊ အရှေ့တောင်အာရှဒေသ သံနှင့်သံမဏိလုပ်ငန်းကဏ္ဍ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ နည်းပညာအသစ်များနှင့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ သံနှင့်သံမဏိလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် နည်းပညာတက္ကသိုလ်ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး၊ ပံ့ပိုးကူညီခဲ့သည့် ကုမ္ပဏီများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။



