ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ အမှတ် (၃) ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုတွင် အသက်ကယ်အင်္ကျီ မှန်ကန်စွာ ဝတ်ဆင်နည်း၊ ရှေးဦးသူနာပြုစုနည်း၊ ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်းနှင့် အရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို လက်တွေ့လေ့ကျင့်ခဲ့ကြပြီး၊ ၎င်းလုပ်ငန်းများကို မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတ်ီတိုင်းဒေသကြီး၊ကျိုက်လတ်မြို့တွင် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်
Jul 08 • 9:19 AM
Myanmar
Ayeyarwady
Share
| 10 | 0 | 0 | 0 |


