back

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေ (၄၈) နာရီအတွင်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ

Jul 08 • 12:01 PM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေ (၄၈) နာရီအတွင်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် လာမည့် (၄၈) နာရီအတွင်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင်...

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် လာမည့် (၄၈) နာရီအတွင်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၈ ရက်) မွန်းလွဲ ၂ နာရီတွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။ လက်ရှိအချိန်တွင် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲခန့်တွင် ရောက်ရှိနေသည့်အတွက် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေမြင့်တက်လာမှုအခြေအနေကို ကြိုတင်သတိပြုရန်နှင့် လိုအပ်ပါက အချိန်မီဘေးလွတ်ရာသို့ ရွှေ့ပြောင်းရှောင်ရှားနိုင်ကြရန် မိုးဇလက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

30