အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်ခြိမ်းခြောက်မှုများနှင့်အတူ ဘုရားကျောင်းများ တိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားနေပြီး၊ ဇူလိုင် ၅ ရက်က Suvas Gram ကျေးရွာတွင် ဆောက်လုပ်နေသည့် Mizoram Synod လက်အောက်ခံ ဘုရားကျောင်းတစ်ကျောင်းကို လူတစ်စုက ဝင်ရောက်ဖျက်ဆီးကာ လက်ဝါးကပ်တိုင်ကို ဖြုတ်ချခဲ့ကြောင်း သိရသည်။ အဆိုပါမြေမှာ တရားဝင်အသုံးပြုခွင့်ရရှိထားပြီး ဒေသတွင်း၌ ခရစ်ယာန်ဘာသာဝင် ၁၀၀ ကျော် နေထိုင်လျက်ရှိရာ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားသည်။ ထို့ပြင် အနောက်ဘင်္ဂလားပြည်နယ်အတွင်းရှိ Murshidabad၊ Bankura နှင့် Faridpur မြို့များတွင်လည်း ခရစ်ယာန်ဘာသာဝင်များ၏ နေအိမ်များနှင့် ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်းများကို လူတစ်စုက ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခြင်း၊ ကျမ်းစာအုပ်များသိမ်းယူခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းစသည့် ပစ်မှတ်ထားဖိနှိပ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ခရစ်ယာန်များအပေါ် ဖိနှိပ်မှုများ မြင့်တက်နေပြီး ဆောက်လုပ်ဆဲ ဘုရားကျောင်းတစ်ကျောင်း ဖျက်ဆီးခံရ
Jul 08 • 9:08 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


