ပြီးခဲ့သည့်ရာသီက ဘုန်းမောက်အသင်းကို ယူရိုပါလိဂ်ဝင်ခွင့် ရယူပေးခဲ့ပြီးနောက် လီဗာပူးလ်အသင်းနှင့် နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့သည့် စပိန်လူမျိုး နည်းပြသစ် အန်ဒိုနီ အီရာအိုလာ (Andoni Iraola) သည် အသင်းသို့ ရောက်ရှိလာပြီဖြစ်ကာ ဇူလိုင်လ ၁၄ ရက်နေ့တွင် ရာသီကြိုလေ့ကျင့်မှုများကို စတင်ပြုလုပ်တော့မည်ဖြစ်သည်။ နည်းပြ အာနယ်ဆလော့ (Arne Slot) ၏ နေရာတွင် အစားထိုးဝင်ရောက်လာသည့် ၎င်း၏အသင်းသို့ ကစားသမားအများစုမှာ ဇူလိုင် ၁၄ ရက်တွင် ပြန်လည်ပူးပေါင်းကြမည်ဖြစ်ပြီး၊ ရာသီသစ်အတွက် ဆာလာ၊ ကိုနာတေး၊ ရောဘတ်ဆန်တို့နှင့် လမ်းခွဲထားကာ ဂျက်ကေး၊ ဗစ်တာမူနော့ဇ်၊ အန်ဒူကွီတို့အား အားဖြည့်ခေါ်ယူထားသည့်အပြင် ထပ်မံခေါ်ယူရန်လည်း စီစဉ်နေသည်။ ထို့ပြင် လီဗာပူးလ်အသင်းသည် ရာသီကြိုအဖြစ် အမေရိကန်သို့ ခြေစမ်းခရီးထွက်ခွာကာ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၆ ရက်အတွင်း ဆန်းဒါးလန်း၊ ဝရက်ဆမ်၊ လိဒ်စ်၊ မိုနာကို၊ ကိုမိုအသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားရန် စီစဉ်ထားကြောင်း သိရသည်။


