back

မန္တလေးရှိ အိမ်တွင်းမှုတနိုင်တပိုင်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အစိုးရမှ အသေးစားချေးငွေများ ထုတ်ပေးရန် လုပ်ငန်းရှင်များ မျှော်လင့်

Jul 08 • 8:52 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးရှိ အိမ်တွင်းမှုတနိုင်တပိုင်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အစိုးရမှ အသေးစားချေးငွေများ ထုတ်ပေးရန် လုပ်ငန်းရှင်များ မျှော်လင့်

မန္တလေးမြို့ရှိ တနိုင်တပိုင် စားသောက်ကုန်နှင့် မုန့်မျိုးစုံ ထုတ်လုပ်သည့် အိမ်တွင်းမှုလုပ်ငန်းရှင်များက ၎င်းတို့၏လုပ်ငန်းများ ရေရှည်ပုံမှန်လည်ပတ်နိုင်ရန်နှင့် အ...

မန္တလေးမြို့ရှိ တနိုင်တပိုင် စားသောက်ကုန်နှင့် မုန့်မျိုးစုံ ထုတ်လုပ်သည့် အိမ်တွင်းမှုလုပ်ငန်းရှင်များက ၎င်းတို့၏လုပ်ငန်းများ ရေရှည်ပုံမှန်လည်ပတ်နိုင်ရန်နှင့် အလုပ်လက်မဲ့အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် အစိုးရအနေဖြင့် အသေးစားချေးငွေများ စိစစ်ထုတ်ပေးစေလိုကြောင်း ပြောကြားသည်။ အသေးစားလုပ်ငန်းအများစုမှာ အရင်းအနှီးမလုံလောက်မှု၊ ကုန်ကြမ်းဈေးနှုန်းကြီးမြင့်မှုနှင့် ပြင်ပအတိုးနှုန်းကြီးမားသည့် ချေးငွေများကြောင့် လုပ်ငန်းရပ်နားရသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စနစ်တကျစိစစ်၍ ချေးငွေများစီစဉ်ပေးရန် လိုလားနေကြပြီး၊ အဆိုပါ အသေးစားလုပ်ငန်းရှင်များကို အကူအညီနှင့် အကြံဉာဏ်များပေးနိုင်ရန် တရားဝင်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

news-view-count-icon

15