ထိုင်းနိုင်ငံ ချွန်ဘူရီမြို့နယ် ဘော်ဝင်း (Bowin) ရပ်ကွက်ရှိ မြန်မာအလုပ်သမားများ နေထိုင်ရာ ဂျာရွန်ဆင် (Charoensilp) ကွန်ဒိုအတွင်း မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် စူပါမားကတ်နှင့် ဆံသဆိုင်ကို စီရာချာ (Sriracha) ခရိုင် အုပ်ချုပ်ရေးအရာရှိများက ဇူလိုင် ၇ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ဆေးမှုတွင် မြန်မာနိုင်ငံသားများက အခွန်ပေးဆောင်ခြင်းမရှိဘဲ မြန်မာကုန်ပစ္စည်းများ တရားမဝင်ရောင်းချနေခြင်းနှင့် ဆံသဆိုင်လုပ်ငန်းများကို လုပ်ကိုင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် မြန်မာတံဆိပ်ထုတ်ကုန်များနှင့် ဆံသဆိုင်ပစ္စည်းများကို သိမ်းဆည်းမှတ်တမ်းတင်ကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စီရာချာခရိုင်ရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Jul 08 • 8:51 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


