မုတ်သုံလေ အားကောင်းလာနိုင်မှုကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း (အထက်ပိုင်း)၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း (အရှေ့ပိုင်း) စသည့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတို့တွင် ဇူလိုင် ၉ ရက်မှ ဇူလိုင် ၁၆ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၈ ရက်) တွင် မိုးကြီးမည့်သတိပေးချက် ထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းများအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှု၊ ရေကြီးရေလျှံမှုများကိုလည်းကောင်း၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောများအနေဖြင့်လည်းကောင်း ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။
ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၁ ခု၌ ဇူလိုင် ၉ ရက်မှ ၁၆ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်၍ ဘေးအန္တရာယ်များ ကြိုတင်သတိပြုရန် မိုးဇလသတိပေး
Jul 08 • 8:50 AM
Myanmar
Local
Share
| 34 | 0 | 0 | 0 |


