ရန်ကုန်မြစ်အတွင်း လာမည့် ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း အခြေခံရေစံမျဉ်းအထက် ၂၀.၀၁ ပေမှ ၂၀.၇၀ ပေအထိ သာမန်ထက် ထူးကဲသော ဒီရေတက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက် ထုတ်ပြန်ထားသည်။ ယခင်နှစ်များတွင် ၂၂ ပေအထိ တက်ရောက်ခဲ့ဖူးသဖြင့် ယခုဒီရေတက်မှုမှာ စိုးရိမ်ဖွယ်အခြေအနေမဟုတ်သော်လည်း ရန်ကုန်မြစ်၏ ဒီရေအမြင့်သည် ၂၀ ပေကျော်လွန်နိုင်သည့်အတွက် မြစ်ကမ်းနားဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဝင်ရောက်နိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ရည်ရွယ်၍ အသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ထူးကဲဒီရေတက်နိုင်သဖြင့် မြစ်ကမ်းနားနေပြည်သူများ ကြိုတင်ပြင်ဆင်ရန် အသိပေး
Jul 08 • 8:48 AM
Myanmar
Yangon
Share
| 16 | 0 | 0 | 0 |


