back

UNFPA ၏ နည်းပညာနှင့် ဖန်တီးမှုပိုင်းဆိုင်ရာ “Young Creators Lab” လူငယ်သင်တန်းအတွက် ဇူလိုင် ၁၇ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

Jul 08 • 8:44 AM

breaking-news

Myanmar

Local

cover

UNFPA ၏ နည်းပညာနှင့် ဖန်တီးမှုပိုင်းဆိုင်ရာ “Young Creators Lab” လူငယ်သင်တန်းအတွက် ဇူလိုင် ၁၇ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က လူငယ်များဦးဆောင်သည့် အဖွဲ့အစည်းများနှင့် Content ဖန်တီးသူများအတွက် ဖန်တီးမှုပိုင်းနှင့် နည်းပညာစွမ်းရည်များ မြှင့်တင်ပေး...

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က လူငယ်များဦးဆောင်သည့် အဖွဲ့အစည်းများနှင့် Content ဖန်တီးသူများအတွက် ဖန်တီးမှုပိုင်းနှင့် နည်းပညာစွမ်းရည်များ မြှင့်တင်ပေးမည့် “Young Creators Lab” အစီအစဉ်အတွက် သင်တန်းသားလျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ထိုင်းစံတော်ချိန် အင်္ဂါနေ့တိုင်း မနက် ၁၁ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှု (Live Session) ၉ ကြိမ် ပြုလုပ်ကာ ဒီဂျစ်တယ်နည်းပညာသုံး လိင်မှုဆိုင်ရာပညာပေး (CSE)၊ ကျား/မ တန်းတူညီမျှရေး၊ Content ဖန်တီးသူများအတွက် AI နည်းပညာ၊ သတင်းအမှားဝေဖန်ပိုင်းခြားမှုနှင့် နည်းပညာသုံး ကျား/မအခြေပြုအကြမ်းဖက်မှု ကာကွယ်ရေး စသည့်အကြောင်းအရာများကို သင်ကြားပေးမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဇူလိုင်လ ၁၇ ရက် (သောကြာနေ့) နောက်ဆုံးထား လျှောက်ထားနိုင်ပြီး အသေးစိတ်ကို United Nations Myanmar ၏ Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

news-view-count-icon

26