back

REZ စီမံချက်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေး၊ တောင်သူများ တစ်ဧကလျှင် စုစုပေါင်း ကျပ် ၇ သိန်းခွဲအထိ ရရှိမည်

Jul 08 • 8:42 AM

breaking-news

Myanmar

Local

cover

REZ စီမံချက်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေး၊ တောင်သူများ တစ်ဧကလျှင် စုစုပေါင်း ကျပ် ၇ သိန်းခွဲအထိ ရရှိမည်

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) စီမံချက်အောက်တွင် ပါဝင်သည့် တောင်သူများအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ဆန်ပို့ကုန်ကုမ္ပဏီများက စတင်ကွင်...

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) စီမံချက်အောက်တွင် ပါဝင်သည့် တောင်သူများအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ဆန်ပို့ကုန်ကုမ္ပဏီများက စတင်ကွင်းဆင်းထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်သည့် အဆိုပါစီမံချက်အရ ၂၀၂၆-၂၀၂၇ မိုးစပါးရာသီတွင် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့ရှိ လယ်ယာမြေ ၃၅၀,၀၀၀ ဧကအထိ ဆောင်ရွက်ရန် လျာထားပြီး၊ ဇူလိုင် ၅ ရက်က ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၌ တိုင်းဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက်ကာ စရိတ်နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။ စီမံချက်အရ တောင်သူများသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၃ သိန်း၊ ပို့ကုန်ကုမ္ပဏီများမှ ၂ သိန်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၂ သိန်းခွဲဖြင့် တစ်ဧကလျှင် စုစုပေါင်း ကျပ် ၇ သိန်းခွဲအထိ ရရှိမည်ဖြစ်ကာ လက်ရှိတွင် ကုမ္ပဏီ ၆၁ ခုက မြို့နယ် ၅၅ မြို့နယ်ရှိ မိုးစပါးဧက ၃၁၃,၉၃၇ အတွက် ထုတ်ချေးပေးနေကြောင်းနှင့် ပါဝင်လိုပါက အနည်းဆုံး တစ်ဆက်တည်း ဧက ၃၀၀ ရှိရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

news-view-count-icon

20