back

ပိုးသတ်ဆေး စုစုပေါင်း ၄၆၇၀ မျိုး မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးမှ သိရ

Jul 08 • 8:40 AM

breaking-news

Myanmar

Local

cover

ပိုးသတ်ဆေး စုစုပေါင်း ၄၆၇၀ မျိုး မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးမှ သိရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၈) ကြိမ်မြောက် အစည်းအဝေးအရ (၄၇) ကြိမ်မြောက် အစည...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၈) ကြိမ်မြောက် အစည်းအဝေးအရ (၄၇) ကြိမ်မြောက် အစည်းအဝေးအထိ ပိုးသတ်ဆေးစုစုပေါင်း ၄,၆၇၀ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း တက်ရောက်ခဲ့သည့် အဆိုပါအစည်းအဝေးတွင် နောက်ထပ် ပိုးသတ်ဆေးအမျိုးပေါင်း ၁၇၉ မျိုးကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ထပ်မံစိစစ်ဆွေးနွေးခဲ့ကြပြီး၊ အဖွဲ့အနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးတို့အတွက် ထိန်းကျောင်းကြပ်မတ်ပေးလျက်ရှိကာ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း ၂၀၂၁ ခုနှစ်မှစတင်၍ MAIRS Online System ဖြင့် လျင်မြန်ချောမွေ့စွာ ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

19