back

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းကာ ပြည်တွင်းထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ပြီး စီးပွားရေးတိုးတက်အောင် ဖော်ဆောင်မည်ဟု UMFCCI ဥက္ကဋ္ဌ ပြောကြား

Jul 08 • 8:37 AM

breaking-news

Myanmar

Local

cover

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းကာ ပြည်တွင်းထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ပြီး စီးပွားရေးတိုးတက်အောင် ဖော်ဆောင်မည်ဟု UMFCCI ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်နိုင်စွမ်းနှင့် ပြည်ပပို့ကုန်တိုးတက်မှုအပေါ် အခြေခံနေသဖြင့် ပုဂ္ဂလိကနှင့် အစိုးရတ...

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်နိုင်စွမ်းနှင့် ပြည်ပပို့ကုန်တိုးတက်မှုအပေါ် အခြေခံနေသဖြင့် ပုဂ္ဂလိကနှင့် အစိုးရတို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုများကို ကျော်လွှားကာ စီးပွားရေးတိုးတက်အောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားသည်။ ယင်းကို ဇွန်လ ၂၃ ရက်က ကျင်းပခဲ့သည့် UMFCCI အမှုဆောင်သက်တမ်းသစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (ဗ-၄/၂၀၂၅-၂၀၃၀) ဖွင့်ပွဲတွင် ၎င်းက အဖွင့်အမှာစကားအဖြစ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

35