နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြည်သူများ
သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိသော်လည်း၊ အချို့သော ခရီးသည်များ၏ စည်းကမ်းမဲ့ပြုမူမှုများကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ရမှုများ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ရထားစီးခရီးသည်များအားလုံး သန့်ရှင်းရေးနှင့် စည်းကမ်းချက်များကို စနစ်တကျ လိုက်နာစောင့်ထိန်းပြီး စီးနင်းကြပါရန် မြန်မာ့မီးရထားက အသိပေး မေတ္တာရပ်ခံထားသည်။


