အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ ၇ လခန့်ကာလအတွင်း ပဲခူးမြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ တိုင်းအတွင်းရှိ မျက်စိဝေဒနာရှင် ၁,၀၀၀ ဦးကျော်ကို အောင်မြင်စွာ အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့ကလည်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများမှ မျက်စိဝေဒနာရှင် ၁၂၀ ဦးကို ထပ်မံအခမဲ့ခွဲစိတ်ကုသပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဇူလိုင် ၇ ရက်တွင် ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jul 08 • 8:23 AM
Myanmar
Bago
Share
| 9 | 0 | 0 | 0 |


