မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် အာရှဘောလုံးလောက အတွေ့အကြုံရင့် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား နည်းပြကြီး ဂျွန် အန်ဒါဆင် (Jørn Andersen) သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် စာချုပ်ချုပ်ဆိုရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ အသက် ၆၃ နှစ်အရွယ်ရှိ ၎င်းသည် ဂျာမန်ကလပ် Mainz 05 အသင်းကို ဘွန်ဒက်စ်လီဂါသို့ တန်းတက်အောင် ပို့ဆောင်ပေးခဲ့ဖူးသည့်အပြင်၊ မြောက်ကိုရီးယားနှင့် ဟောင်ကောင် လက်ရွေးစင်အသင်းများကိုလည်း အာရှဖလားပြိုင်ပွဲသို့ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ဖူးသည့် ဝါရင့်နည်းပြတစ်ဦး ဖြစ်သည်။


