back

DAP အခြေခံ ကွန်ပေါင်းဓာတ်မြေဩဇာ တင်သွင်းရန် ဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် ဇူလိုင် ၁၃ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

Jul 08 • 7:56 AM

breaking-news

Myanmar

Local

cover

DAP အခြေခံ ကွန်ပေါင်းဓာတ်မြေဩဇာ တင်သွင်းရန် ဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် ဇူလိုင် ၁၃ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွက် DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွက် DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေဩဇာများကို အရည်အသွေးပြည့်မီပြီး ဈေးနှုန်းသက်သာစွာ တင်သွင်းနိုင်ရေး ဖြန့်ဖြူးဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် အသင်းဝင်ကုမ္ပဏီများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ အဆိုပါ ဓာတ်မြေဩဇာ တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသော အီးမေးလ်လိပ်စာများဖြစ်သည့် ureacommittee@gmail.com နှင့် အသင်း၏ အီးမေးလ်များသို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့လယ် ၂ နာရီ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

news-view-count-icon

17