ရေကြီးရေလျှံမှုများသည် ရုတ်တရက်ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် အသက်အန္တရာယ်နှင့် ပစ္စည်းဥစ္စာထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ကြောင်း UNICEF Myanmar က သတိပေးနှိုးဆော်ထားသည်။ အထူးသဖြင့် ကလေးငယ်များနှင့် ကလေးရှိသည့် မိသားစုများအတွက် ရေကြီးရေလျှံမှုသည် နေထိုင်မှုဘဝအပေါ် ကြီးမားသည့် သက်ရောက်မှုများ ဖြစ်စေနိုင်သဖြင့် မိသားစုအရေးပေါ်အစီအစဉ်ကို ကြိုတင်ရေးဆွဲထားရန်၊ မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများပါဝင်သော အရေးပေါ်အိတ်ကို အသင့်ပြင်ဆင်ထားရန်နှင့် အရေးကြီးစာရွက်စာတမ်းများကို ရေမစိုစေရန် လုံခြုံစွာ သိမ်းဆည်းထားရန် အပါအဝင် ရေမကြီးမီ၊ ရေကြီးနေစဉ်နှင့် ရေကြီးပြီးနောက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ကြိုတင်သိရှိပြင်ဆင်ထားရန် အကြံပြုထားကြောင်း သိရသည်။
ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို UNICEF Myanmar အသိပေး
Jul 08 • 7:45 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


