back

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ယနေ့မှစ၍ စတင်အသက်ဝင်ပြီဖြစ်

Jul 08 • 2:59 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ယနေ့မှစ၍ စတင်အသက်ဝင်ပြီဖြစ်

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား အပြန်အလှန် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်သည် ယနေ့ (ဇူလိုင်လ ၈ ရက်) မှစတင်၍ တရားဝင် စတင်အသက်ဝင်ပြီဖြစ်ကြောင်...

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား အပြန်အလှန် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်သည် ယနေ့ (ဇူလိုင်လ ၈ ရက်) မှစတင်၍ တရားဝင် စတင်အသက်ဝင်ပြီဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။ အဆိုပါ သဘောတူစာချုပ်ကို နှစ်နိုင်ငံအစိုးရတို့အကြား ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တရားဝင်အကျိုးသက်ရောက်မှု ရှိလာခြင်းဖြစ်သည်။ယခု သဘောတူစာချုပ်အရ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနှင့် ဘယ်လာရုစ် နိုင်ငံသားများသည် တစ်ဖက်နိုင်ငံသို့ သွားရောက်ရာတွင် အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်စွာ ပြည်ဝင်နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း ရက်ပေါင်း ၉၀ အထိ ဗီဇာမလိုဘဲ ကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

39