ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး မြို့ပြမီးရထားစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (MAUR) ၏ ထုတ်ပြန်ချက်အရ မြို့တော်၏ သယ်ယူပို့ဆောင်ရေးကွန်ရက်ကို အဆင့်မြှင့်တင်ရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် စုစုပေါင်းအရှည် ၁၃၈.၈ ကီလိုမီတာရှိမည့် မက်ထရို (Metro) နှင့် ရထားလမ်းစီမံကိန်းအသစ် ၄ ခုကို ပန္နက်ရိုက်စတင်တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရသည်။ ၎င်းစီမံကိန်းများတွင် ဟိုချီမင်းစီးတီးနှင့် ဒေါင်နိုင်း (Dong Nai) မြို့ကို ဆက်သွယ်မည့် ၄၈ ကီလိုမီတာရှည် သူးသမ်-လောင်သန်း (Thu Thiem-Long Thanh) ရထားလမ်း စီမံကိန်းပါဝင်ပြီး ယင်းကို စက်တင်ဘာလတွင် စတင်ရန် လျာထားသည်။ ကျန်စီမံကိန်း ၃ ခုမှာ ဘင်ဒေါင် (Binh Duong) မြို့သစ်မှ ဆွေတီးယန်း (Suoi Tien) သို့ ပြေးဆွဲမည့် ၃၂ ကီလိုမီတာရှည် မက်ထရိုလိုင်းအမှတ် (၁)၊ သူးဒေါင်မောက် (Thu Dau Mot) မှ ဟိုချီမင်းစီးတီးသို့ ဆက်သွယ်မည့် ၃၅ ကီလိုမီတာရှည် မက်ထရိုလိုင်းအမှတ် (၂) နှင့် တန်ဆွန်းညက် (Tan Son Nhat) အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်အဆောက်အအုံ ၃ ခုလုံးကို ဖူးဟု (Phu Huu) နှင့် ဆက်သွယ်ပေးမည့် ၂၃ ကီလိုမီတာရှည် မက်ထရိုလိုင်းအမှတ် (၆) (ပထမအဆင့်) တို့ ဖြစ်ကြသည်။ ဗီယက်နမ် ပေါ်လစ်ဗျူရို၏ လမ်းညွှန်ချက်အရ ဟိုချီမင်းစီးတီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မက်ထရိုရထားလမ်း ကီလိုမီတာ ၂၀၀ အထိ အပြီးသတ်တည်ဆောက်ရန် ရည်မှန်းထားရာ ယခုစီမံကိန်းအသစ်များသည် အဆိုပါပန်းတိုင်သို့ ရောက်ရှိရန်အတွက် အရေးပါသော ခြေလှမ်းသစ်များဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်၊ဟိုချီမင်းစီးတီး၌ ၂၀၂၆ ခုနှစ် လက်ကျန်ကာလအတွင်း မက်ထရိုစီမံကိန်းအသစ် ၄ ခုကို ပန္နက်ရိုက်စတင်မည်ဖြစ်
Jul 08 • 3:45 AM
Vietnam
Local News
Share
| 9 | 0 | 0 | 0 |


