back

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယခု နှစ်ဝက်အတွင်း ဓာတ်လိုက်သေဆုံးသူ ၅ ဦးအထိ ရှိလာ

Jul 08 • 2:53 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယခု နှစ်ဝက်အတွင်း ဓာတ်လိုက်သေဆုံးသူ ၅ ဦးအထိ ရှိလာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ယခု ၂၀၂၆ ခုနှစ် နှစ်ဝက်ကာလအတွင်း ဓာတ်လိုက်၍ သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မြို့ခံများ၏ အချက်အ...

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ယခု ၂၀၂၆ ခုနှစ် နှစ်ဝက်ကာလအတွင်း ဓာတ်လိုက်၍ သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မြို့ခံများ၏ အချက်အလက်များအရ သိရသည်။ အဆိုပါ သေဆုံးမှုဖြစ်စဉ်များမှာ ဧပြီလသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်၌ လျှပ်စစ်ရေမော်တာပိုက်ဖြင့် ရေကစားရာမှ အသက် ၁၅ နှစ်အရွယ် မောင်ငယ်တစ်ဦး သေဆုံးခဲ့မှု၊ မေလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ပန်းရံလုပ်သားတစ်ဦး သေဆုံးခဲ့မှု၊ ဇွန်လအတွင်း ဘုန်းကြီးကျောင်းလုပ်ငန်းခွင်တစ်ခုနှင့် ကျောက်ဖြူတောင်ရွာ သံချည်သံကွေးလုပ်ငန်းခွင်တို့တွင် အမျိုးသားနှစ်ဦး သေဆုံးခဲ့မှုနှင့် ဇူလိုင် ၂ ရက်က ကလွင်ရပ်ကွက်ရှိ ဝပ်ရှော့လုပ်ငန်းခွင်၌ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့မှုတို့ ဖြစ်သည်။ယခုနှစ်ဝက်အတွင်း ဖြစ်ပွားခဲ့သည့် ဓာတ်လိုက်သေဆုံးမှု ၅ခုအနက် ၄ ခုမှာ လုပ်ငန်းခွင်အတွင်း လျှပ်စစ်ပစ္စည်းများ အသုံးပြုလုပ်ကိုင်စဉ် မတော်တဆဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ကိရိယာများကို ကျွမ်းကျင်လုပ်သားများဖြင့်သာ တပ်ဆင်ကိုင်တွယ်ရန်၊ ပျက်စီးယိုယွင်းနေသည့် လျှပ်စစ်ပစ္စည်းများကို အမြဲစစ်ဆေးလဲလှယ်ရန်နှင့် လျှပ်စစ်အသုံးပြုသည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်တွင် ရေစိုစွတ်မှုနှင့် ရေဝပ်မှုမရှိစေရန် အထူးသတိပြုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ထားသည်။

news-view-count-icon

10