ရထားစီးခရီးသည်များအနေဖြင့် ရထားပေါ်တွင် သန့်ရှင်းရေးနှင့် စည်းကမ်းများကို အလေးထားလိုက်နာပေးကြရန် မြန်မာ့မီးရထားက မေတ္တာရပ်ခံနှိုးဆော်ထားသည်။ မြန်မာ့မီးရထားသည် ပြည်သူများသက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိသော်လည်း လတ်တလောတွင် စည်းကမ်းလိုက်နာခြင်းမရှိသည့် ခရီးသည်အချို့ကြောင့် ရထားပေါ်လိုက်ပါစီးနင်းသည့် ခရီးသည်အများစု စိတ်အနှောင့်အယှက်ဖြစ်ရမှုများ ကြုံတွေ့နေရသည်။ထို့ကြောင့် ရထားစီးခရီးသည်များအနေဖြင့် ရထားအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန် ကွမ်းတံတွေးမထွေးကြရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ထိုင်ခုံပေါ်သို့ ခြေထောက်တင်ခြင်းမပြုရန်နှင့် အမှိုက်များကို ရထားအတွင်း စွန့်ပစ်ခြင်းမပြုဘဲ သတ်မှတ်ထားသည့် အမှိုက်ပုံးများတွင်သာ စနစ်တကျ စွန့်ပစ်ကြရန် အသိပေးထားသည်။ ထို့ပြင် ဆူညံသံများဖြင့် အခြားသူများကို အနှောင့်အယှက်မဖြစ်စေရန် ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကားပြောဆိုခြင်းတို့ကို သင့်လျော်ရုံသာ ပြုလုပ်ကြရန်နှင့် ရထားစီးနင်းရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို ဝိုင်းဝန်းပူးပေါင်း လိုက်နာပေးကြရန် တိုက်တွန်းထားသည်။
မြန်မာ့မီးရထားက ရထားစီးခရီးသည်များအနေဖြင့် သန့်ရှင်းရေးနှင့် စည်းကမ်းကို အလေးထားလိုက်နာပေးကြရန် တိုက်တွန်း
Jul 08 • 1:49 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


