back

မြန်မာ့ကျောက်စိမ်းဈေးကွက် တရုတ်စီးပွားရေးနှေးကွေးမှုနှင့် ငွေလိမ်ဂိုဏ်းများကြောင့် ထိုးကျ

Jul 08 • 1:47 AM

breaking-news

Myanmar

Local

cover

မြန်မာ့ကျောက်စိမ်းဈေးကွက် တရုတ်စီးပွားရေးနှေးကွေးမှုနှင့် ငွေလိမ်ဂိုဏ်းများကြောင့် ထိုးကျ

တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများ ဆက်တိုက်နှိမ်နင်းခံရမှုတို့ကြောင့် မန္တလေးမြို့ရှိ ကျောက်စိမ်းဈေးကွက်အ...

တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများ ဆက်တိုက်နှိမ်နင်းခံရမှုတို့ကြောင့် မန္တလေးမြို့ရှိ ကျောက်စိမ်းဈေးကွက်အတွင်း ကျောက်စိမ်းဈေးနှုန်းများ တဖြည်းဖြည်း ပြန်လည်ကျဆင်းလျက်ရှိသည်။ တရုတ်စီးပွားရေး အခြေအနေကြောင့် မန္တလေးကျောက်စိမ်းဝိုင်းသို့ တရုတ်ကုန်သည်များ လာရောက်ဝယ်ယူမှု သိသိသာသာ နည်းပါးသွားသည့်အပြင်၊ ယခင်က တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် ရာဇဝတ်ဂိုဏ်းများက လိမ်လည်ရရှိထားသော ငွေမည်းများကို ငွေဖြူအဖြစ် ပြောင်းလဲရန် ကျောက်စိမ်းမှောင်ခိုဝယ်ယူမှုများ ပြုလုပ်ခဲ့သော်လည်း ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းခံရပြီးနောက်ပိုင်း အဆိုပါဝယ်လိုအားပါ ပျောက်ကွယ်သွားခဲ့သည်။ကျောက်စိမ်းဈေးကွက်သည် ရွှေဈေးကွက်ကဲ့သို့ နိုင်ငံတကာအဆင့် သတ်မှတ်စံနှုန်းမရှိဘဲ ပြည်ပဝယ်လိုအားကိုသာ အဓိကမှီခိုနေရခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျားဖြန့်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာချိန်က အရည်အသွေး အလယ်အလတ်ရှိသည့် ကျောက်စိမ်းများပါ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှစတင်ကာ ဈေးကွက်ပူဖောင်းပေါက်ကွဲပြီး ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နိုင်ငံရေးအခြေအနေများနှင့် တရုတ်ဝယ်လက် နည်းပါးမှုတို့ကြောင့် ကျောက်စိမ်းဈေးကွက်အတွင်း ဝယ်လိုအား အေးစက်လျက်ရှိသည်။

news-view-count-icon

34