၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် အာဂျင်တီးနားနှင့် အီဂျစ်တို့ပွဲစဉ်တွင် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီသည် ဖီဖာကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပင်နယ်တီအများဆုံး လွဲချော်ခဲ့သည့် ကစားသမားအဖြစ် စံချိန်ဆိုး မှတ်တမ်းဝင်သွားခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် အီဂျစ်အသင်းက ဦးဆောင်ဂိုး သွင်းယူထားစဉ် ပွဲချိန် ၂၁ မိနစ်၌ အာဂျင်တီးနားအသင်း ပင်နယ်တီ ရရှိခဲ့သော်လည်း မက်ဆီ၏ ကန်သွင်းမှုကို အီဂျစ်ဂိုးသမား မိုစတာဖာ ရှိုဘီယာက ကာကွယ်တားဆီးသွားခဲ့သည်။ယခုအလွဲသည် မက်ဆီအတွက် လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒုတိယမြောက် ပင်နယ်တီလွဲချော်မှုဖြစ်ပြီး အုပ်စုအဆင့် အော်စတြီးယားနှင့်ပွဲစဉ်တွင်လည်း တစ်ကြိမ် လွဲချော်ခဲ့ဖူးသည်။ ကမ္ဘာ့ဖလားသမိုင်းတွင် ပင်နယ်တီအဆုံးအဖြတ်အလှည့်များ မပါဝင်ဘဲ ပင်နယ်တီအများဆုံး လွဲချော်သည့် ယခင်စံချိန်မှာ ဂါနာတိုက်စစ်မှူး အာဆာမိုအာ ဂျန်း (၂ ကြိမ်) နှင့် မက်ဆီကိုယ်တိုင် ၂၀၁၈ နှင့် ၂၀၂၂ ပြိုင်ပွဲများတွင် (၂ ကြိမ်) ဖြင့် ပူးတွဲရပ်တည်နေခြင်းဖြစ်သည်။ သို့သော် ယခုပြိုင်ပွဲတွင် ၂ ကြိမ် ထပ်မံလွဲချော်ခဲ့ခြင်းကြောင့် မက်ဆီ၏ ကမ္ဘာ့ဖလားပင်နယ်တီအလွဲ စုစုပေါင်းမှာ ၄ ကြိမ်အထိ ရှိလာပြီး သမိုင်းတစ်လျှောက် အများဆုံးလွဲသူ ဖြစ်လာခဲ့သည်။
Jul 08 • 2:09 AM
Myanmar
International
Share
| 20 | 0 | 0 | 0 |


