ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မဟာစာရာခမ်းခရိုင်ရှိ တက္ကသိုလ်နှစ်ခုမှ ပထမနှစ်ကျောင်းသား ၄,၅၀၀ ကျော်တွင် သင်္ဘောသီးထောင်းဆိုင်များမှတစ်ဆင့် (Liver Fluke infection) ခေါ် အသည်းကပ်ပါးရောဂါပိုး ကူးစက်ခံထားရကြောင်း ကျန်းမာရေးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါကျန်းမာရေးစစ်ဆေးမှုအရ မဟာစာရာခမ်းတက္ကသိုလ်မှ ကျောင်းသား ၄,၂၃၃ ဦးနှင့် ရာဂျာဘတ်မဟာစာရာခမ်းတက္ကသိုလ်မှ ကျောင်းသား ၃၈၀ ကျော်တွင် ကူးစက်ခံထားရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ဆီးမှတစ်ဆင့် ကနဦးစစ်ဆေးတွေ့ရှိထားခြင်းဖြစ်၍ ထပ်မံအတည်ပြုနိုင်ရန် ဝမ်းကိုပါ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။အဆိုပါ အသည်းကပ်ပါးရောဂါပိုးသည် သင်္ဘောသီးထောင်းဆိုင်များတွင် အသုံးပြုသည့် ငါးပိရည် (နမ်းပလား) မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ကနဦးကောက်ချက်ချထားသည်။ ၎င်းအသည်းကပ်ပါးရောဂါသည် ရောဂါပိုးရှိသော အစားအစာ၊ ရေနှင့် မကျက်သေးသော အသားငါးများမှ ကူးစက်တတ်ပြီး မကုသဘဲထားပါက ၁၅ နှစ်မှ နှစ် ၂၀ အတွင်း သည်းခြေပြွန်ကင်ဆာအထိ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ တက္ကသိုလ်ကျောင်းသား ၄,၅၀၀ ကျော် သင်္ဘောသီးထောင်းစားမိရာမှတစ်ဆင့် အသည်းကပ်ပါးရောဂါပိုး ကူးစက်ခံရ
Jul 08 • 1:45 AM
Thailand
Local News
Share
| 29 | 0 | 0 | 0 |


