back

ရန်ကုန်တိုင်း၊လှည်းကူးတံတားပေါ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား

Jul 08 • 1:44 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊လှည်းကူးတံတားပေါ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းရှိ လှည်းကူးတံတားအပေါ်တွင် ဇူလိုင်လ ၇ ရက်နေ့ ည ၂၁ နာရီ ၁၃ မိနစ်အချိန်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မ...

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းရှိ လှည်းကူးတံတားအပေါ်တွင် ဇူလိုင်လ ၇ ရက်နေ့ ည ၂၁ နာရီ ၁၃ မိနစ်အချိန်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။အဆိုပါ သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် သွားရောက်ဖယ်ရှား ရှင်းလင်းပေးခဲ့ကြသည်။ ပြည်သူများအနေဖြင့် မီးလောင်မှု၊ သစ်ပင်လဲကျမှုနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။

news-view-count-icon

10