၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးရာသီ Rice Export Zone (REZ) စီမံကိန်းတွင် ပါဝင်သည့် နေပြည်တော်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့ရှိ စိုက်ပျိုးမြေဧက ၃.၄ သိန်းကျော်အတွက် တစ်ဧကလျှင် ကျပ် ၇ သိန်း ၅ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။ အဆိုပါထောက်ပံ့ငွေတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျပ် ၃ သိန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် ၂.၅ သိန်းနှင့် ပြည်ပတင်ပို့ကုမ္ပဏီများမှ ကျပ် ၂ သိန်းတို့ ပါဝင်ပြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် စီမံကိန်းအောင်မြင်ရေးအတွက် ပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များနှင့် ကန်ထရိုက်လယ်ယာလုပ်ငန်းများကို ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကာ ၂၀၃၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုပမာဏ တန်ချိန် ၅ သန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း သိရသည်။
Jul 07 • 10:12 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


