တရုတ်နိုင်ငံ ဟူပေပြည်နယ်အရှေ့ပိုင်းရှိ ဟွမ်ရှီ၊ ဟွမ်ကန်း၊ အော်ကျိုးနှင့် စန်းနင်မြို့များတွင် တနင်္လာနေ့ညပိုင်းက မိုးသက်လေပြင်းများနှင့် လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့မှုကြောင့် လူ ၈ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်များက ထုတ်ပြန်သည်။ အချို့ကျေးရွာများတွင် လေပြင်းအားအဆင့်-၁၃ အထိ ပြင်းထန်စွာတိုက်ခတ်ခဲ့သဖြင့် အင်္ဂါနေ့နံနက်ပိုင်းအထိ စာရင်းများအရ ဟွမ်ကန်းမြို့ ဟွမ်ကျိုးခရိုင်ရှိ ရပ်ကွက်သုံးခု၌ပင် လူ ၂၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၄၀၈ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကာ လက်ရှိတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ မိုးသက်လေပြင်းနှင့် လေမုန်တိုင်းများတိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၂၇၀ ကျော် ဒဏ်ရာရ
Jul 07 • 10:10 AM
China
Local News
Share
| 13 | 0 | 0 | 0 |



