အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ဗင်နီဇွဲလားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား ဝမ်းနည်းကြောင်းဖော်ပြရန် အဒစ်အာဘာဘာမြို့ရှိ ဗင်နီဇွဲလားသံရုံးသို့ ဇူလိုင်လ ၆ ရက်တွင် သွားရောက်ကာ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ သံအမတ်ကြီးသည် ဗင်နီဇွဲလားအစိုးရနှင့် ပြည်သူများအပြင် ငလျင်ဖြစ်စဉ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများ၏ မိသားစုဝင်များထံသို့ စာနာဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်အားပေးစကားများကို မှတ်တမ်းစာအုပ်တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။
ဗင်နီဇွဲလားငလျင်ဘေးအတွက် အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး
Jul 07 • 10:13 AM
Myanmar
International
Share
| 9 | 0 | 0 | 0 |


