တရားဝင်လိုင်စင်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည့် ခရီးသွားကုမ္ပဏီ ၁၀ ခုကို အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၏ ဖြေကြားချက်ကို ကိုးကား၍ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံပိုင်က ဇူလိုင်လ ၆ ရက်၌ ပြုလုပ်သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖတ်ကြားခဲ့သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ ခရီးစဉ်မစတင်မီ ငွေကြိုတင်ပေးချေရမှုကို အခွင့်ကောင်းယူကာ လိုင်စင်ရကုမ္ပဏီအမည်များ အသုံးပြု၍ ငွေကြေးလိမ်လည်သူများပြားလာသဖြင့် ခရီးသွားလာရေးလုပ်ငန်းလိုင်စင် ထုတ်ပေးရာတွင် ပိုမိုစနစ်တကျ ကြီးကြပ်နိုင်ရေးနှင့် လိမ်လည်မှုများကို ပြင်းထန်စွာ ဖော်ထုတ်အရေးယူနိုင်ရေးအတွက် အဆိုပါ ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Jul 07 • 8:18 AM
Myanmar
Yangon
Share
| 19 | 0 | 0 | 0 |


