အလွန်ကြီးမားပြီး အဖျက်စွမ်းအားပြင်းထန်သည့် အပူပိုင်းမုန်တိုင်း “တိုင်ဖွန်း ဗာဗီ” (Typhoon Bavi) သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင်သို့ အင်အားပြင်းစွာဖြင့် ချဉ်းကပ်ဝင်ရောက်လာနိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့) တွင် သတိပေးထုတ်ပြန်လိုက်သည်။ ယခုနှစ်၏ ၉ ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော “ဗာဗီ” သည် အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲခန့်က ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာရီယာနာကျွန်းစုအနီး၌ အနောက်ဘက်သို့ တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေပြီး၊ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေပြင်းတိုက်ခတ်မှုနှုန်းမှာ တစ်နာရီလျှင် ၂၇၀ ကီလိုမီတာအထိ ရှိနေကြောင်း သိရသည်။
အဖျက်စွမ်းအားပြင်း ‘တိုင်ဖွန်း ဗာဗီ’ မုန်တိုင်း ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်သို့ ဝင်ရောက်နိုင်ဟု ဂျပန်မိုးလေဝသအေဂျင်စီ သတိပေး
Jul 07 • 8:16 AM
Japan
Local News
Share
| 9 | 0 | 0 | 0 |


