back

လောင်စာဆီပြတ်လတ်မှုကြောင့် ကျူးဘားနိုင်ငံတွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးလုံးဝပြတ်တောက်

Jul 07 • 8:15 AM

breaking-news

Myanmar

International

cover

လောင်စာဆီပြတ်လတ်မှုကြောင့် ကျူးဘားနိုင်ငံတွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးလုံးဝပြတ်တောက်

အမေရိကန်၏ လောင်စာဆီ ပိတ်ဆို့ဖြတ်တောက်မှုနှင့် စွမ်းအင်အကျပ်အတည်းကြောင့် ကျူးဘားနိုင်ငံတွင် လောင်စာဆီအရန်အင်အား နည်းပါးလာပြီး လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးယိ...

အမေရိကန်၏ လောင်စာဆီ ပိတ်ဆို့ဖြတ်တောက်မှုနှင့် စွမ်းအင်အကျပ်အတည်းကြောင့် ကျူးဘားနိုင်ငံတွင် လောင်စာဆီအရန်အင်အား နည်းပါးလာပြီး လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးယိုယွင်းလာကာ ယခုနှစ်ဆန်းပိုင်းမှစတင်၍ သုံးကြိမ်မြောက်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီး လုံးဝပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ဇူလိုင်လ ၇ ရက်နေ့တွင် သိရသည်။ တနင်္လာနေ့က လူဦးရေ ၁၀ သန်းနီးပါးရှိသော ကျူးဘားတစ်နိုင်ငံလုံး၌ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး၊ အစိုးရပိုင် လျှပ်စစ်ဓာတ်အားလုပ်ငန်းက ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ကျူးဘား စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဗီဆင်းတေး ဒီလာအို လီဗီ ကမူ တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိစေရန်အတွက် လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

22