မသန်စွမ်းဘွဲ့/ဒီဂရီရ လူငယ်များအနေဖြင့် လစ်လပ်ရာထူးများ၏ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက အခြားသူများနှင့် တန်းတူအခွင့်အရေးဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ဇူလိုင်လ ၆ ရက်နေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ မသန်စွမ်းလူငယ်များသည် လစ်လပ်ရာထူးများအတွက် ရေးဖြေ၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းများကို အခြားလျှောက်ထားသူများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်မည့်ရာထူးများကို ယခင်က တစ်နှစ်လျှင် ၂ ကြိမ် ခေါ်ယူခဲ့ရာမှ ယခုအခါ လေးလလျှင် ၁ ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် ၃ ကြိမ်အထိ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မသန်စွမ်းဘွဲ့ရလူငယ်များ အရည်အချင်းပြည့်မီပါက နိုင်ငံ့ဝန်ထမ်းအဖြစ် တန်းတူယှဉ်ပြိုင်လုပ်ကိုင်ခွင့်ရမည်
Jul 07 • 8:11 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


