back

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်

Jul 07 • 8:04 AM

breaking-news

Myanmar

International

cover

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဇူလိုင်လ ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel တွင် ကျင်းပခဲ့သည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဇူလိုင်လ ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel တွင် ကျင်းပခဲ့သည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ (ADC) သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Listyowati က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးတွင် အာဆီယံ-ဒါကာကော်မတီ၏ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် အနာဂတ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

17