back

ရန်ကုန်တိုင်းဒေသကြီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ သုဝဏ္ဏ၌ စတင်

Jul 07 • 8:03 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ သုဝဏ္ဏ၌ စတင်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရန်ကုန်တိုင်းဒေသ...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ဇူလိုင်လ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့မှ ကစားသမားစုစုပေါင်း ၁၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တွဲ ပွဲစဉ်များအဖြစ် ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

news-view-count-icon

8