အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္ဂနွေနေ့က မန်ခွတ်ဒေသရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နှစ်ထပ်အိမ် ၃ လုံး ပြိုကျခဲ့ရာ ကလေးငယ် ၅ ဦးနှင့် အမျိုးသမီး ၁ ဦးအပါအဝင် စုစုပေါင်း လူ ၆ ဦး သေဆုံးခဲ့ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။ မိုးကြီးမှုကြောင့် စာသင်ကျောင်းများကို ပိတ်ထားရသည့်အပြင် မွမ်ဘိုင်းနှင့် ပူနေးမြို့ကို ဆက်သွယ်ထားသည့် အမြန်လမ်းမကြီးပေါ်တွင် မြေပြိုမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့သဖြင့် မြို့နှစ်မြို့ကြား မော်တော်ကားလမ်း၊ ရထားလမ်းနှင့် လေယာဉ်ခရီးစဉ်များကိုပါ ယာယီရပ်ဆိုင်းဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၊မွမ်ဘိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ အဆောက်အအုံများပြိုကျ၊ ကလေးငယ်များအပါအဝင် လူ ၆ ဦး သေဆုံးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်
Jul 07 • 8:01 AM
Myanmar
International
Share
| 20 | 0 | 0 | 0 |


