မလေးရှားနိုင်ငံတွင် ဒူးရင်းသီးနှစ်ခြိုက်မှု ရေပန်းစားလာခြင်းနှင့်အတူ “ကွာလာလမ်ပူရ် ဒူးရင်းသီးအတွေ့အကြုံမျှဝေရေးစင်တာ” (KLDEX) ကို ဇူလိုင်လ ၄ ရက်က မလေးရှားဒူးရင်းသီးပွဲတော် ၂၀၂၆ နှင့်အတူ ပူးတွဲ၍ တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဂျလန်အမ်ပန်းလမ်းမပေါ်တွင် တည်ရှိသည့် အဆိုပါ အာရှ၏ ပထမဆုံးသော ဘက်စုံသုံး ဒူးရင်းသီးအတွေ့အကြုံမျှဝေရေးစင်တာကို မလေးရှား ခရီးသွားလာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် MyBolehBoleh အဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုစင်တာသည် မလေးရှားနိုင်ငံ၏ အထင်ကရ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကမ္ဘာ့အဆင့်မီ အချက်အပြုတ်နှင့် ခရီးသွားလာရေး အချက်အချာနေရာတစ်ခုအဖြစ် နိုင်ငံ၏ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ကြောင်း သိရသည်။
Jul 07 • 7:59 AM
Malaysia
Local
Share
| 8 | 0 | 0 | 0 |


